ထားဝယ်မြို့သည် မြန်မာပြည်အောက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီး၏ မြို့တော်ဖြစ်သည်။ တနင်္သာရီတိုင်းဒေသကြီး၏ တိုင်းဒေသကြီးရုံးစိုက် ရာမြို့လည်းဖြစ်ပါသည်။ ထားဝယ်မြစ်ဝမှ မိုင် ၃၀ ခန့်ကွာဝေး၍ ၊ ထားဝယ်မြစ်၏ လက်ဝဲဘက် ကမ်းပေါ်တွင်တည်ရှိသည်။ ထားဝယ်မြို့သည် တိုင်းဒေသကြီးရုံး စိုက်ရာမြို့ဖြစ်သည့်အားလျော်စွာ အစိုးရဌာနအသီးသီး၏ အစိုးရဌာနအသီးသီး၏ တိုင်းဒေသကြီးဌာနချုပ် ရုံးများ၊ စည်ပင်သာယာရုံးများ၊ ဆေးရုံကြီး၊ အထက်တန်းကျောင်းများ၊ တက္ကသိုလ်များ၊ ကောလိပ်များနှင့် စည်ပင်သာယာဈေးကြီးများရှိ၍ စည်ကားသောမြို့ကြီးတစ်မြို့ဖြစ်ပါသည်။
သမိုင်းအကျဉ်းချုပ်
ကောဇာသက္ကရာဇ် ၁၁၁၆ ခုနှစ် တပေါင်းလဆန်း ၁၃ ရက်နေ့တွင် ထားဝယ် မြို့အား စတင်တည်ထောင်ခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် "ဥသြအော်သည် ထားဝယ်တည်" ဟုဆိုကြသည်။ ထားဝယ်မြို့အား စတင်တည်ထောင်စဉ်က သာယာဝတီမြို့ဟုခေါ်ဆို သမုတ်ခဲ့ကြပါသည်။ထားဝယ်လူမျိုးများရှိပြီးမှ လူမျိုးကြောင့် ထားဝယ်မြို့ဟုခေါ်တွင်ရခြင်းဖြစ်သည်။ ထားဝယ်လူမျိုးများ မူလစကတည်းက ရှိခဲ့သောကြောင့် နေရာဌာနက ထားဝယ်ကဒုတိယလိုက်ခဲ့ခြင်း ဖြစ်သည်။ ထားဝယ်မြို့တွင် မြို့မရပ်ကွက် (၁၅)ခုနှင့် ရပ်ရွာအုပ်စုပေါင်း (၂၃)ခုတို့ပါဝင်ပါသည်။ ထားဝယ်မြို့ရှိ မြို့မရပ်ကွက် (၁၅)ခုတွင် အိမ်ခြေ(၁၀၀၀၀)ကျော်၊ လူဦးရေ(၇၀၀၀၀)ကျော်နေထိုင်လျက်ရှိပါသည်။ ထားဝယ်မြို့သည် အကျယ်အ၀န်းအားဖြင့် ၂၆၃၆.၁၄ စတုရန်းမိုင်ကျယ်ဝန်းသည်။ ထားဝယ်ခရိုင်ကို မြို့နယ်လေးခုဖြင့် ဖွဲ့စည်းထားသည်။ ထိုလေးခုမှာ ထားဝယ်မြို့နယ်၊ လောင်းလုံးမြို့နယ်၊ သရက်ချောင်းမြို့နယ်၊ ရေဖြူမြို့နယ်တို့ဖြစ်သည်။
ခရီးလမ်းဆက်သွယ်ရေး
ထားဝယ်မြို့သည် လမ်းပန်းဆက်သွယ်ရေးတွင် ကားလမ်း၊ မီးရထားလမ်း၊ လေယာဉ် နှင့် သင်္ဘောများဖြင့်သွားလာနိုင်ပါသည်။
ထားဝယ်မြို့သည် လမ်းပန်းဆက်သွယ်ရေးတွင် ကားလမ်း၊ မီးရထားလမ်း၊ လေယာဉ် နှင့် သင်္ဘောများဖြင့်သွားလာနိုင်ပါသည်။
ရာသီဥတု
ရာသီဥတုမှာ ပူအိုက်စွတ်စိုသည့်ရာသီဥတုဖြစ်သည်။ ဒေသထွက်ကုန်များမှာ စပါး၊ ရာဘာ၊ သစ်၊ ဆီအုန်းစသောသစ်တောထွက်ပစ္စည်းများ ထွက်ရှိသည့်ဒေသဖြစ်သည်။
ပညာရေး
ပညာရေးအနေဖြင့် ထားဝယ်တက္ကသိုလ်၊ နည်းပညာတက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ်၊ ပညာရေးကောလိပ်၊ သူနာပြုသင်တန်းကျောင်း၊ အထက်တန်းကျောင်း(၄)ကျောင်း၊ အလယ်တန်းကျောင်း(၅)ကျောင်း၊ မူလတန်းကျောင်း(၇၈)ကျောင်းတို့ရှိကြသည်။
ပညာရေးအနေဖြင့် ထားဝယ်တက္ကသိုလ်၊ နည်းပညာတက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ်၊ ပညာရေးကောလိပ်၊ သူနာပြုသင်တန်းကျောင်း၊ အထက်တန်းကျောင်း(၄)ကျောင်း၊ အလယ်တန်းကျောင်း(၅)ကျောင်း၊ မူလတန်းကျောင်း(၇၈)ကျောင်းတို့ရှိကြသည်။
လေ့လာစရာများ
ထားဝယ်မြို့ရှိအထင်ကရနေရာများမှာ ဟိန္ဒားသတ္တုတွင်း၊ ရွှေတောင်စားစေတီနှင့် လောကမာရဇိန်ရုပ်ရှင်တော်မြတ်၊ ရွှေသာလျောင်းဘုရား၊ ရှင်ကိုးရှင်စေတီဘုရား၊ ရပ်တော်မူရုပ်ရှင် တော်မြတ် နှင့် အပန်းဖြေစရာမောင်းမကန်ကမ်းခြေနှင့် ရေပူစမ်းတို့ဖြစ်ပါသည်။


No comments:
Post a Comment